Tuesday, December 15, 2009

အမေ့လျော့ခံ ကြေးရုပ်ထု

ဒီဇင်ဘာကိုရောက်လာပါဗျလ် ။ အီးစက်စိုစွပ်ရေ နှင်းတိ မြူတိ ဆိုင်းဗျလ် လှချင်တိုင်းလှနိန်ရေ ကိုယ်မြို့ကိုယ်အရပ်ဒေသကို လွမ်းလို့ လာပါရေ။ ညှာတံပေါ်မှာ နှင်းရေချေတိ ခိုတွဲစိုစွပ်နိန်ရေ သဇင်ပန်းချေတစ်ခက်လောက် ဘုရားတင်ခွင့် ပန်ဆင်ခွင့်ရဖို့ အခွင့်အရေးမရှိရေလူတစ်ယောက် အတွက်တောင် အေဒီဇင်ဘာရေ ရခိုင်တစ်ယောက်အတွက် မမေ့ပျောက်နိုင်ရေ အရာချေတိက ဆက်စပ်လို့ ကျန်ရှိနိန်ပါသိမ့်ရေ။ ဒီဇင်ဘာ ၁၅ ရခိုင်ပြည်နယ်နေ့ကိုရောက်လို့ လာပါရေ။ ကမ္ဘာနှင့် အ၀န်းမှာရှိနိန်ရေ ရခိုင်များက ဖော်မပြနိုင်ရေ ခံစားချက်ကိုယ်စီဖြင့် ကိုယ်ပြည်ကိုယ့်ရွာကို သတိတရ ဖြစ်တတ်ကတ်ပါရေ။

ယင်းတိုင်ဆိုင်မှုတိထဲသတိတရ ဖြစ်မိစွာကတော့ ကြေးရုပ်ထုတစ်ခုကိုလည်း ရခိုင်ပြည်နှင့် ယဉ်ပြီးကေ ရခိုင်တိုင်းက သတိရမိတတ်ပါရေ ။ နှင်းရေနှင်းစက်အောက်မှာ အွီးစက်နိန်ရေ ကြေးရုပ်ထုကြီး တစ်ခုရေ စစ်တွေမြို့ မြို့လည်တည့်တည့်မှာ တည်ရှိနိန်ပါလီဖို့ ။ ယင်းရုပ်ထုကြီးစွာ ရခိုင်လူမျိုး ရခိုင်သမိုင်းသစ်မှာတော့ ပါရဂူတစ်ဆူ အာဇာနည်သူရဲတစ်ယောက် ဖြစ်ခဖူးပါရေ။ ယင်းသူရဲကောင်း၏ ကိုယ်ကျိုးစွန့် အသက်ပေးစွမ်းဆောင်ခဲ့မှုကို ဂုဏ်ပြုထား ခြင်းဖြစ်ပါရေ ။ ထိုကြေးရုပ်ကြီးသည် ကမ္ဘာကို အံတုခရေ လူသားတစ်ဦး၏ အရိပ်ဟောင်း၊ လူမျိုးတစ်ခု၏ လက်ဦး ဆရာတစ်ဆူ၊ နိုင်ငံတစ်နိုင်ငံ၏ မမေ့အပ်ရေ အရိုသေခံ လူတစ်ဦးဖြစ်ခရေပိုင်၊ ထူးဆန်းသည့် အတွေး အခေါ် ရင့်သန်သည့် သမာဓီ ခိုင်မာသည့် ယုံကြည်ချက်များ ဖြင့် လူ့အခွင့်အရေးဆိုသော စကား လုံးကို လူသားအားလုံးအတွက် ရှေ့ဦးစွာ အရေးဆိုပေးခဲ့သူ ဖြစ်ခဖူးပါရေ။ ထောင် ဆိုသော စကားလုံးနှင့် ဆင်းရဲငတ်မွတ်ခြင်းသည် ပင်လျှင်နောက်တွန့် လောက်စေသော အတားဆီး မဖြစ် ခရေ ထိုသူ၏ သတ္တိ အတွက် သူမွေးရပ်မြေဇာတီက ဂုဏ်ပြုထားရေ ကြေးရုပ်ကြီးဖြစ်ပါရေ။ ယင်းလူသားကလည်း လွန်ခရေ နှစ်ပေါင်းတစ်ရာကျော်က ဒေဒီဇင်ဘာဆောင်အာရုံဦးတစ်ရက်မှာ မွီးဖွားခပါရေ။

ယင်းကြေးရုပ်ကြီးပိုင်ရှင်ရေ ဆောင်မှာမွီးခကေလည်း သူ၏အသည်းနှလုံးတိက ကမ္ဘာသူ ကမ္ဘာသားများနှင့် ရခိုင်ပြည်သူပြည်သားများအတွက် နီရဲတောက်ပြောင်သော နီမင်းအသွင်ကို ဆောင်လို့ နိန်ခပါရေ။ လွတ်လပ်ရေးဆိုသော သစ်ပင်ကို ကိုယ်ကျိုးမဖက်ဘဲ နှလုံးသွေးဖြင့် နောင်လာနောင်သားများအတွက် စိုက်ပျိုးပီးခပါရေ။ သစ်ရိပ်ခိုရေ နောင်လာနောင်သားတိက အသီးကိုလည်း စား အကိုင်းကိုလည်းချိုး အခေါက်ကိုလည်း ခွာချတတ်ကတ်တေပိုင်း သစ်ပင်စိုက်ပျိုးပီးခရေ လူ ကျေးဇူးကိုတော့ခါ မေ့လျော့လားခကတ်ပါရေ။ မျိုးဆက်သစ် ရခိုင်ပြည်သူ ပြည်သားအသည်းနှလုံးက အေကြေးရုပ်အပေါ်မှားထားရေ ခံစားချက်က ဒီဇင်ဘာဆောင်ထက်တောင် ပိုပြီးကေ အီးစက်လို့ နိန်ပါသိမ့်ရေ။ ရခိုင်ပြည်သူတို့၏ အသိတရားကို နှင်းတိ မြူတိ ဖုံးအုပ်လို လားလီကတ်တေလို့ ရာ ထင်မိပါယင့်။

ကမ္ဘာအ၀န်း အ၀ီးရောက် ရခိုင်များက ဆရာတော် မွီးနိန်ကို အမှတ်တရ ကျင့်ပဖို့ စိုင်းပြင်လိုနိန်ကတ်တေ အချိန်မှာ စစ်တွေမြို့က ရခိုင်သူ ရခိုင်သားများ ရေ ဆရာတော်ဦးဥတ္တမ မွီးနိန်ကို အမှတ်တရ ရှိကတ်ပါဖို့လားချင့် တွေးမိဖြစ်ပါရေ ။ လူသိန်းပေါင်းများစွာ နိန်ထိုင်နိန်ရေ စစ်တွေမြို့က လူဇာနှစ်ယောက်လောက် ကြေးရုပ်ကြီးရှိရေ ပန်းခြံထဲကို ဂါရ၀ပြုဖို့ အောက်မေ့သတိရလို့ ကျေးဇူးကို အမှတ်ရမိလို့ လာလီကတ်ပါဖို့လည်းချင့်။လမ်းမကြီးပေါ် ဖြတ်သွား ဖြတ်လာမြောက်မြားစွာထဲက ကြေးရုပ်ရှေ့ကို ရောက်ရေ အခိုက် သတိတရ လှည့်ကြည့်လားရေ လူတိများ ရှိကတ်ပါဖို့လားချင့် ။ ဆုတောင်းအမျှအတန်းဝေပီးဖိုလူ ထိုကြေးရုပ်ကြီးပိုင်ရှင်အတွက် ဖုယောင်းတိုင်တစ်ချောင်းလောက် ထွန်းညှီပူဇော်ပီးပြီးကေ အောက်မီဆုတောင်ပွဲလုပ်ပီးဖို့ လူ တစ်ယောက်လောက်တော့ စစ်တွေမြို့မှာရှိဇီချင်ပါရေ။

ရွှေရောင်တ၀င်းဝင်းနှင့် မြို့ကျက်သရေဆောင် အေကြီးရုပ်ထုကြီးကို ရုပ်ထုဟောင်းတစ်ခုလို့ရာ မြင်လီကတ်ဖို့ ၊ တစ်ချိန်က ကမ္ဘာနှင့် ချီပြီးကေ လေးစားဂါရ၀ ပြုခံခရရေ လူတစ်ယောက်ရေ အေနိန်ငါ့ရို့နှင့် မဆိုင်လိုက်ဗျလ် လို့ရာထင်လီကတ်ဖို့၊ နိုင်ငံတစ်နိုင်ငံ၏ နိုင်ငံရေးခြယ်လှယ်မှု အောက်မှာ အမှန်တရားတိ ဖုံးကွယ်ခံနိန်ရရေဆိုတိုင်း ကိုယ်တိုင်းပြည် ကိုယ်လူမျိုးထဲက ပူဇော်ထိုက်သူကို ပူဇော်ဖို မေ့နိန်ကတ်တေ ဂုဏ်ပြုထိုက်သူကို ဂုဏ်ပြုဖို မေ့နိန်ကတ်တေ ဆိုကေ ရခိုင်လူမျိုးတစ်ခုလုံးလုပ်ရပ်ကတော့ ကောင်းကောင်းရှက်စရာကောင်းလီဖို့ပါဗျလ်။

ရက္ခတအနွယ်ဟု မိမိကိုယ်ကို ဂုဏ်ဖော်တင်စားနိန်ကတ်တေ အေရခိုင်ပြည်သူတိက ကိုယ့်လူမျိုးတစ်ယောက် လုပ်ရပ်ကို လည်း မလေးစား ၊ ကိုယ်လူမျိုးတစ်ခုလုံး၏ ဂုဏ်ကိုလည်းမဖော်ဆောင် ၊ ကိုယ်၏သိဏ္ခာတရားတိလည်း ဂရုမစိုက် ၊ အလေးနက်ထားသင့်ရေ လုပ်ရပ်တိကိုလည်း သတိမမှုဘဲ ရာနေထိုင်နိန်ကတ်တေ ဆိုကေ ယင်းပိုင်အရပ်မှာ ရုပ်ထုကြီးတစ်ခု တည်ရှိနေခြင်းက ဇာတစ်ခုလည်း အဓီပ္ပါယ်ရှိလီဖို့လည်း မဟုတ်ပါဗျလ်။ ယင်းရုပ်ထုကြီးပိုင်ရှင် ၏ မွီးနေ့ချေ တစ်ရက် ကျရောက်လာစွာကိုတောင် မသိလိုက်ကတ်တေ လူတိအတွက် တစ်ချိန်က ရခိုင်ပြည်လွတ်လပ်ရေအတွက် မိမိကိုယ်ကို အသက်ပေး စတေးပြီးကေ ဆောင်ရွက်ပီးခရေ ဆရာတော်ဦးဥတ္တမကို တခြားလူတိက မေ့မေ့ပျောက်ပျောက် လားခကတ်ကေလည်း ရခိုင်ပြည်သူအပေါင်း မမေ့အပ်သင့်ပါဆိုရေအကြောင့် ဆရာတော်မွီးနေ့အကြို သတိပေးဆောင်ပါးတစ်ပုဒ်ဖြင့် နီုးဆော်တိုက်တွန်းလိုက်ရေ။ နိုးထကတ်ဖို့အချိန်ရောက်ဗျလ် ရခိုင်သားရို့ဝေ….

စောစစ်(ဒေ၀ီ)
16.12.2009

Tuesday, December 8, 2009

ထိုအရပ်၌ ပွင့်သော ပန်းများ




ဆောင်းလီဝင် ချမ်းအီးစ ည သန်းခေါင်းယံ သုံးနာရီထိုးခါနီးနီးမှာ တိုက်လာရေ လီတိက အေးမြလို့ နိန်ပါရေ။ နှင်းမှုန်နှင်းစက် အတိအတွေ့ တိက မျက်နှာကို တိုက်ခိုက်လိုက်တိုင်း လီတသုတ်ပြီး တစ်သုတ်ကို ဘာသာပြန်ရင် အတိတ်ကိုလွမ်းယင်း လမ်းလျှောက်နိန်ရစွာကလည်း ပြောမပြတတ်အောင် ပျော်ရွှင်လို လာပါရေ။ မွန်းကျပ်မှုတိ ကြားထဲမှာ သဘာဝဆန်ရေ အရသာချေကို မြတ်နိုးတသသ ဖြစ်ကာ ပျော်ရွှင်လို နိန်ရေအချိန်၊ ကိုယ်အလုပ်နှင့် ကိုယ် မအားလပ်ကပ်လို မတွေ့ရ မမြင်ရ လူတိအားလုံး တစ်စု တစ်စည်းတည်း ညသန်းခေါင်ကျော်အောင် ပန်းခြံထဲမှာ လှမ်းလျှောက်နိန်ရစွာကလည်း စိတ်လွပ်ပေါ့ပါးလို နိန်ပြန်ပါရေ။ ယင်းပိုင်အချိန်မှာ ပြောရင်းဆိုရင်း လှမ်းလိုက်ရေ ခြေလှမ်းတွီ တုံ့ဆိုင်းရပ်လားအောင် ရနံ့တစ်ခု ညို့ယူဖမ်းဆုပ်လိုက်စွာ ခံလိုက်ရပါရေ။ အိုးဘုရား ဘုရား ဥစ္စာစောင့်များ ရှိလာဂု....

ဖြစ်နိုင်ဖို့လား စိတ်က ထင်စွာလားလို့ စိတ်က ယုံထင်ကြောင်ထင် ခွဲမရကေလည်း သေသေချာချာ ယင်းရနံ တစ်ခုကို ဆက်ရနိန်ရေ။ မြင်သမျှ ရုပ်ဝတ္တုတိကလည်း နောက်ဆုံးပေါ် မိုးမျှော်တိုက် ပေါင်းများစွာ ပတ်လည်း မှာ ၀န်းရံထားပါရေ ။ ပန်းခြံတစ်ခုထဲမှာ တွီရသမျှ အရာများသည် ခေတ်မှီအောင် လူများဖန်တီးထားရေ အကောင်းတကာ့ အကောင်းဆုံးများကို သာ အစုလိုက်အပြုံလိုက် တွီနိန်ရပါရေ။ အလှငါးများရောင်းစုံ လှုးလာ ကူးခပ်နိန်ရေ လူလုပ် ပေတစ်ရာကျော် စမ်းချောင်းတစင်းသည် ရေစီးသံတစ်ဝါးဝါးမြည်ကာ စီးဆင်းနိန်ပါရေ။ အကျွန်အသိစိတ်က သေသေချာချာကို သိပါရေ ။ ယင်းရနံဆိုစွာ နစ်ပေါင်းများစွာ ရှင်းနီးလာရေ ရနံဖြစ်လို့ ကိုယ်နှခေါင်းက ပင်ကိုယ် အသိတရား လှံ့ဆော်မှုကို ခံယူပြီး ခြေလှမ်းတီကို သစ်ပင်ခြုံတော့ထဲကို ထိုးဝင် လိုက်ပါရေ။ သူငယ်ချင်းတိက အထူးအဆန်းဖြစ်နိန်ရေ အကျွန်ကိုကြည့်ကာ နောက်ကနိန်လိုက်လာကပ်ပါရေ။ ယင်းအချိန်မှာ ဆောင်မနက်ခင်း လေတစ်ချက် ထပ်တိုက်လိုက်ပါရေ ။အသွေးထဲက အီးစက်မေးခိုက်လားကေလည့် ရနံလာရာလမ်းကို သေချာစွာ အနံ့ခံလို့ ရလိုက်ပါရေ။

ဆယ်ပေပတ်လည်ကျော် လောက်ကျယ်ရေ စံပယ်စိုက်ခင်းတစ်ခု၊ အများပြည်သူ ပိုင် ပန်းခြံထဲမှာ အလှစိုက် စိမ်းစိုလှပနိန်ရေ အပင်တုတ်ကြီးတိ ကို တအံတသြ တွီလိုက်ပါရပါရေ။ စံပယ်ပန်းအဖူးပေါင်း ပင်လုံးကျွတ် ဖူးလို သင်းထုံလှပနိန်စွာ တသက်နှင့် တကိုယ် တစ်ခါလည် မမြင်ဖူးခရေ မြင်ကွင်းတစ်ခုကို အေနေရာမှာ တိရလိမ့်မယ်လို့ အိမ်မက်တောင် မမက်ဖူးခပါ ။ စံပယ်ဆိုစွာ ပန်းကုံးအဖြစ်ရာ အများကြီး မြင်ဖူးခကေလည့် အေလောက်ပန်းခင်းအကြီးကို တစ်ခါ လည်း မမြင်ဖူးခပါ။ ပန်းမခူးရ ဒဏ်ငွေငါးရာ ဆိုစွာတောင် မရေးမစိုက်ဘဲ ပန်းခူးလိုက်ပါရေ။ ကြည်လင်လာရေ စိတ်နလုံးတိနှင့် ဆက်လျှောက်လာသမျှ လမ်းတစ်လျှောက်မှာ ရှူလို့ မ၀ရေ ဒေါန ပန်းခင်းတန်း တစ် ခု ၊ ဇလပ်ပန်းရုံများ ဟိုနား အေနား တစ်စု၊ နှင်းဆီပန်းခင်း တိကို လည်း ထပ်ပြီးကေ တွီရပါသိမ့်ရေ။ ယုံတမ်းစကားလို ရာ ထင်ချင်ကေ ထင်လိုက်ပါ နှုံးလို ခေါ်ရေ ပင်စိမ်း အပင်ကိုလည်း အလှစိုက်ထားစွာကို တအံ့တသြ တွီရပါရေ။ ဟင်းချက်ကေ ထည့်ဖို နည်းနည်းခိုးရအောင်လို တောင် ပြောကတ်ပါသိမ့်ရေ။ ဧကရာဇ် အပင်အပုများ တမြို့လုံး အုန်းအုန်းကျွတ် ပွင့်နိန်ရေ အရပ်ဒေသကို ကြည့်ပြီး ကိုယ်မြို့ ကိုယ်နိုင်ငံကို လည်း အထင် သေးချင်မိပါရေ။ ကိုယ်ရို့ပြည်မှာ ရှားပါစရင်းဝင်နိန်ရေ အပင်တိ ကို သဲဂန္ဒာရ ထဲမှာ အရောင်အသွေးစုံနိန်ရေ ပန်းဥယာဉ်ထဲမှာ အဆင်းမရှိကေလည်း အသွေးရှိရေ ပန်းတိကြောင်း ပိုမိုလှပနိန်စွာကို လူတိသတ္တိတောင် ထားမိပါဖိုလားချင့် ။ တန်းဖိုးထား ရကောင်းမှန်းတောင် သိကတ်ပါဖို့လားချင့် အေထက်မက အဖိုးတန်းအပင်ပေါင်းမြောက်မြားစွာ ကြားမှာ သာမှန်အရပ်သူ တစ်ယောက်အဆင်းဖြင့် ဆိုးဝါးလှစွာသော ရာသီဥတုအောက်မှာ မွှီးမြဲမွှီးတုံး လှမြဲလှတုံး သဘာဝတရားနှင့် အနီးစပ်ဆုံး အပင်များကို တွေ့လိုက်ရခြင်းက ကိုယ်အမျိုးကိုယ်အဆွေတွီကို ပြန်တွီလိုက်ရရေပိုင်း ပျော်ရွင်မှုကို ဖော်မပြနှိင်အောင် ဖြစ်မိပါရေ...မိန်းကလေး ဖြစ်ရေ သဘာဝလိုရာ ထင်ပါယင့်...

အေအရပ်ဒေသက လူတိ လူလုပ် စမ်းချောင်း ခြုံတောချေတိ စရေ သဘာဝပန်းမာန်တိကို တကူးတက စိုက်ပျိုးထိန်းသိမ်းပြ ထားစွာ ကို အံသြမိပါရေ။ အစီအရီ စိုက်ပျိုးထားရေ သဲဂန္ဒာရသစ်ပင်များ နှင့်ရောင်စုံမီးပန်းများအောက် လှချင်တိုင်းလှပနိန်ရေ အေပိုင်နေရာမျိုးမှာ အေမပြောပလောက်တေ ပန်းတိကိုများ စာဖွဲ့နိန်ရေလို ထင်စရာရှိပါရေ...ကိယ်တိုင်းပြည်မှာတော့ လမ်းဘေးမှာ သပြေကိုမစိုက်ပါ အေမှာ လူလားလမ်းဘေးမှာ သပြေပင်ချေတိကို ယင်းပန်းခြံထဲမှာ စိုက်ထားပါရေး ။ အေ ဘာဝတရားနှင့် အမြဲဆက်စပ်နိန်ရေ အပင်ချေတိ၊ ပင်ကိုယ်ဘသာဝကိုယ်က အမွှေးရနံ့ထူးခြားစွာ ရှိရေ အဖိုးတန်းအပင်ချေတိက ပိုတန်ဖိုးရှိရေလို ထင်မိပါရေ။ .. မျိုးစပ်အပင် ဇာအပင်ကို မဆိုးအလွယ်တကူ ၀ယ်လိုရကေလည်း အေအနံ့တိက ရွှေပီးလိုတောင် ၀ယ်မရစွာပါကို...

အကျွန်၏ ၀ါသာနာ ထဲမှာ ပန်းစိုက်တတ်ရေ အကျင့်ကို အငယ်ချေကတည်း ကပင် အကျင့်ရှိပါရေ။ ခြံတစ်ခုလုံး ကို ခြုံတောဖြစ်အောင် ငွေးကြေးမကုန်ဘဲ အလွယ်တကူ ရသမျှ အပင်တိုင်ကို စုစိုက် ထားလိုအားမရဘဲ ဘုရားစင်အောက်ကို ပန်းအိုးရောက်လို ငါအိမ်ကို တောထအောင် လုပ်နိန်စွာမနားချင့်လို့ မေမေဒေါသနှင့် ကြုံဖူးခပါရေ။ ဂမုန်းပင် ပါရာ လဒ်လာဘထိုးရေလို့ အလျှောက်ကောင်းလို့ အထောင်းသက်သာ ဖူးခပါယင့်။ လက်လှမ်းမှီရာ အနီးအ၀န်းကျင်က တွီ့သမျှကို စိုက်ထားစွာရာဖြစ်လို့ သာမာရိုးကျ သဘာဝပန်းများနှင့်ရာ ရင်းနှီးခပါရေ။ စံပယ် ၊ခရေ၊ စံကားစိမ်းရို့ပိုင်းအမွှေးနှံပါရေ ပန်းတိကို အများကြီးနှစ်သက်ခပါရေ။ ဇလပ်ပန်း သနပ်ခါးပန်းကို အမြတ်တနိုး ချစ်ဖူးခပါရေ။ အခုတောခါ ယင်းချင့်တိစွာ အိမ်မက်ပိုင် နောက်ပြန်လှည့်ကြည့်ရေ အတိတ်တစ်ခု အဖြစ် ကျန်ခဗျလ်လို့ မေ့မေ့ပျောက်ပျောက် လွမ်းစရာချေတိ လို ထင်ဖူးခလီသမျှ အေနေရာမှာ တွီလိုက်ရစွာကတော့ခါ မကြုံဖူး မြင်ဖူးမယှုံ လို့ရာ ဆိုချင်ပါရေ...

အခုရောက်နိန်ရေ နိန်ရာသည် သဲဂန္ဒာရမြို့ပြပေါင်းများစွာထဲ အိုအေစစ်လို့ ထင်စားခေါ်ထားရေ မြို့ချေတစ်မြို့မှာ မိုင်းပေါင်းများစွာ ရှည်လျားလှသည့် ကမ်းခြေလမ်း တစ်လျှောက်ကို ဆောက်လုပ်ထားရေ ပန်းခြံတစ်ခုက အဖြစ်အပျက်ချေ တစ်ခု ကို ရီးထားခြင်းဖြစ်ပါသည်။ ယင်းမြို့သည် ဒူဘိုင်းမြို့ပိုင် အပေါ်ယံအလွှာများဖြင့် မွန်းကျပ်နိန်ရေ မြို့ပြဆန်ရေ မြို့တစ်ခု မဟုတ်ဘဲ လူသားများ အေးချမ်းစွာ နေထိုင်ရန် အလွန်သင့်လျော်သော မြို့ပြတစ်ခု ဖြစ်ပါရေ။ စိန်းပန်းပင်များနီရဲနိန်အောင် ပွင့်သော မြို့လည်း ဖြစ်ပါရေ။ ယူအေအီနိုင်ငံ၏ နန်းစိုက်ရာ မြို့လည်း ဖြစ်ပါသည် ။ အပင်မျိုးစိတ် တော်တော်များများကို ရှာဖွေစိုက်ပျိုးထားပါရေ။ စိုက်ပျိုးရေးနည်းပညာမှာ အီစီရေး နိုင်ငံရေ အကောင်းဆုံးလို ပြောသံကြားဖူပါရေ ။ ရီဝပ်ရေ စိမ့်မြေကိုတောင် အပင်စိုက်ပြီးကေ တစ်မြို့လုံးက စိမ်းစိုနိန်ရေလို့  ကြားဖူးခပါရေး အေကလည်း မရောက်ဖူးပါ။ ရိုးရှင်းသော လှပသော နေချင်ဖွယ်ဖြစ်သော အသွင်အပြင်များနှင့် ဇွန်ပလောင်သီးအပင်များ နေရာတကာမှာ စိုက်ပျိုးထားပါရေ အကြောင့် ခရီးသွားယင်း ဆောင်ပါးချေတစ်ပုဒ် ကိုယ်ညီအစ်ကို မောင်နှမများအတွက် ….

စောစစ် (ခတ္တ အဘူဒါဘီ)
၈.၁၂.၂၀၀၉

Saturday, December 5, 2009

သရဖူ


ယုံကြည်မှု ထုတ်တန်းကိုကိုင်
ရုန်းနိုင်သမျှ ခွန်အားကိုညစ်
အမှန်တရား အောက်
အနိုင်နှင့် အရှုံးကို
အလောင်းအစားပြုလိုက်ယင့်…

လက်တစ်လုံးခြား ပြုံးလို့
အားသာတုံး ခဏ
လီဘ၀င်ကို ခိုတွဲ
ဘ၀ မိဗျလ်လား….

မတူရေ ခွန်းအားနဲ့
င့ါလက်ပေါ်က ဓါး
အစွမ်းမပြနိုင်ခလည်း
အလှည့်ဆိုစွာ တံခါးမခေါက်ဘဲ ရောက်လာတတ်စွာ
မမေ့ပါကေ ….

ဦးမကျိုးသိမ့်ရေ အခိုက်
မိုးကောင်းတုံးဖြစ်လို့
အောင်နိုင်တုံးဆောင်းထား သရဖူ ….


မင်းရှုံးကေ တစ်လှည့်
မင်းဝတ်စင်းလို့
ငါကို ပြန်ဆက် တစ်လှည့်ဆောင်းမယ် သရဖူ…


စောစစ်
၁၉.၁၀.၂၀၀၉

မိုးသောက်ကြယ်

ဒေ ညမဆန်ရေ ညချေ
ခြောက်ကပ်ချင်းတိုင်း ကြယ်တိကို သိပ်ထား
လမင်းကိုနိင်ရေပိုင် ငါရို့နစ်ယောက်ကို လည်း
ထက်ခြမ်းပိုင်ထားရေ ....

ကဗျာဆန်ချင်ရေ အလွမ်းနဲ့
နာကျင်ရေ ရင်ဘတ်က
ငါ့အသက်ရှုသံကို ဖြန့်
တိတ်ချင်တိုင်း တိတ်နိန်ရေ ညမှာ
အလွမ်းတိ ညနက်ထဲ ခုန်ဆင်း
အေရင်ဘတ်မှာရာ အသက်ဝင်ရေကာ…

အိပ်မပျော်ရေ မျက်လုံးနဲ့
လွမ်းနာကျနိန်ရေ နားက
မိုင်ပေါင်းများစွာက လီတိုးသံချေကို ချစ်နိန်ရေဆိုဝါ ....

ကွဲလွဲချက်တိကြားထဲ
ဆုံမှတ်ဆိုရေ
နာရီတစ်လုံးမျိုချ
ဝေးကွာခြင်းကို ညမှာတည်ပြီး
သက်သည်ပြုပါယင့်

လွမ်းလို့ မလောက်ခင်
မိုးသောက်ကြယ်တစ်လုံး အနှောက်ဖျက်လို့
မိုးလင်းလားဗျလ်

စောစစ်

ဆောင်း

မိုးမင်းဇတာ ကံတော်ကုန်ကေ
ဝသုန်သက်ခြီ
ရာသီစက်ကို နှင်းဘားလက်အပ်
ချိန်ခါပြောင်းလတ်ဗျလ်…

စိုခိုး စိုစွပ် နှင်းရိပ်အောက်က
မိုးဒဏ်ကင်းစ အသစ်ဝတ်လှဲ
မြေ၀တ်မြက်လည်း စို့ညှောင့်စို့ထွား ၊

ပန်း၇ို့ ပင်ထက် ကင်းဖူးစချေ
စိမ်းနှင့် အ၀ါ ဖြူနီသင်းကြိုင်
တစ်မျိုးတစ်လီ အဆန်းဖြာဗျလ် မြင်သူရင်ငေး
သဇင် ၊သစ်ခွ ၊ ဂမုန်းစုံညီ
တောမြိုင်တန်းရို့
အလှမျက်နှာ ပွင့်လတ်ချိန်….


မိုးမြေသာလှ ထိန်သာ လ နှင့် နှင်းရိပ်ရောင်ပြ
ဆောင်းလှမ်းကြွမြန်း သည်မြေနန်းမှာ ဆောင်ခိုဟေမာန်
အနိုင်ကျင့်လို့ အသည်းခိုက်အောင် ချမ်းအီးလတ်ဗျလ် …


ဖြူသော ငွေမင်း မြူနှင်းကြားမှာ
အာရုံနံနက် ဆောင်းလီအောက်က
ဖြူလွှသန္တာ ညုာရိုးသီကုံး
ချစ်ငွေ့သဒ္ဒါ သီတန်းပါလို့
ရိုးလှပန်းကုံး
ဘုရားတင်ချိန် ရောက်လတ်ဗျလ်..

ပေါ်ဦးသဇင် ၀တ်ညုာတွဲလွဲ
နှင်းဦးဝတ်ရည် ငါ့ရင်ခိုတွဲ
လွမ်းသည့်စိတ်တို့ ၀င်လတ်သော် ....

ငါသည်းနှမ ရင်မှအချမ်း သည်ဆောင်ဒဏ်ဆိုး
အလွမ်းစာဖွဲ့ ချစ်သူထံပါး ဆက်သချင်လည်း
မ၀ံ့ရဲပေ…

သူအိုတစ်ယောက်
အလှောင်ကြောက်လို့
ငါ့နှုတ်တိတ်ဆိတ်

တွေးသော ပေထက် စာမတင်ဘဲ
လွမ်းရာ ရာထပ် လွမ်းချင်း တီ ထပ်လီဗျလ် ….


စောစစ်
၁၀.၁၁.၂၀၀၉

Monday, August 17, 2009

ရာဇာဝင်သစ် မော်ကွန်း

အိုသာစွရခိုင်
ကမ်းမြိုင်မြိုင်မှာ စိမ်းညိုမှိုင်းမှိုင်း
ပင်လယ်ပြာပြာ ရီဖွာဖွာဘေး
မာရယုတည် ရခိုင်မြီဟု
ထင်ကျော်ဇော်သည့် သာဂီသားဆက်
အနွယ်မြတ်ရို့ ခေတ်ဆက်လေးဆက်
အစဉ်ဆက်ကာ သမိုင်းမျက်နှာ
ဂုဏ်ဖြာ ပြသာဒ် ရွှေထီးအဆက် တည်တံ့ခရေ.
ထင်ရှား သာသနာ စတည်ပြုလို့
မဟာမုနီ ဘုရားသက်သီ တည်ခလီရေ.
ဓည၀တီခေတ်ဝယ် ...
..


အိုသာစွ ရခိုင်
ဤမြီလူမျိုး တစ်နွယ်တစ်နန်း
ဂုဏ်ရောင်ဝင့်ထိန် ဝေသာလီဟု
စန္ဒြရားးမင်းဆက် အစွမ်းပြဗျလ်
ကျောက်ဆက်လက်ရာ
တုနိုင်၏လော တု၏လောဟု
သက်သီပြုရ အံ့မခန်ရေ
ကျောက်လှေကားမြို့ သမိုင်းခန်းဝယ်


အိုသာစွရခိုင်
နန်းသက်အကြွင်း သက္ကရာဇ်ဖြိုလို့
ဘုရင်အသက် နန်းဆက်မြဲအောင်
စတေးတည်ရ မြောက်ဦးခန်းဝယ်
ဘုံမိနက်သံ မျောက်က ကြိုးခွီ ဒေါင်းအိုးဝေ ဟု
နတ်ရွှီးသည့်မြို့ ဘုန်းတင့်ဂုဏ်ရောင်
သာသနာသမိုင်း ဆင့်ရောင်လွမ်းလီ
သဇင်ပန်းခိုင်း တစ်မြိုင်မြိုင်ဟု
ရခိုင်ဘုရား အစွဲပြုသည့် အိုဓည၀တီ …

အိုသာစွရခို်င်
ဘိုးတော်မင်းဆက် ဖြို့ပျက်လီက
မမြဲသဘော ရင်ဝယ်ပိုင်၍
ကွယ်ပျောက်ခရေ အတိတ်ရာဇ၀င်
ရွှေထီးရွှေနန်း သမိုင်းတင်ခ
ငါရို့ဂုဏ်ရောင့် ညိုးနွမ်းလီရေ...

အိုသာစွရခိုင်
နောင်လာသားရို့ အသိယူလီ ယင်းတိုင်းပြည်ရို့
ကမ္ဘာအ၀န်း အာဏာထလည်း ပျက်သုန်းလီခ
ရောမအင်ပါဟာ ပီရမစ်များ
ဆူမေးရီးယန် ဘုရားကျောင်းများ ၊ကော်ဒီယန်(ဘေဘီလုံနတ်ဘုံလား )
မွန်းဂိုးနှင့် တာတာ ၊တရုတ်၊အိန္ဒယရို့
ဗြိတိန်နီမ၀င်အင်းပါယာ
ဆိုဗီယက် ပြည်ထောင်စု ငါစွဲပြုလို့
ယင်းအားလုံးလည်း မမြဲသဘော အပျက်ကြွင်းရေ

အိုသာစွ ရခိုင်
နောင်ဝယ်သားတို့ တချိန်ထီးရိပ်
သင်တမ်းတလည်း လေးဝတီရို့ မမြဲခြင်း၌
သမိုင်းမည်သာ ဖြစ်လခဗျလ်...

အိုသာစွရခိုင်
နောင်ဝယ်သားရို့ ငါးဝတီဆင့် အပေါ်ထွန်းဖို့
အသစ်မာရယု ဇာသူပြုအံ့
အတိတ် လက်နက် ဒုတ်ဓါးစွမ်းဖြင့် နိုင်ငံပြုလည်း
ဂုမရနိုင်ဗျလ်

အိုသာစွ ရခိုင်
ကမ္ဘာသစ်ကို နောင်လာသားရို့
လက်ဆယ်ချောင်းကို နဖူးထက်မတင်လည်း
မောစ့်ထက်တင်ဗျလ် ညဏ်စွမ်းပြလို့
ခေတ်တဆက်ကို
မှန်ရောင် တိုက်ထပ် အဆင့်ထပ်လို့
ဇွဲလုံးလကို နတ်ပေါင်းကူလို့ ကမ္ဘာရှိ့ကိုပြီးကတ်မယ် ...


(ရီးကေ အမှန် ဖတ်ကေ အသံပါလတ် စာလုံးနန့် စကားသံကြားမှာ လွဲမှားနီရေ အသုံးနန်တိ အများကြီး ယှိပါသိမ့်ရေ) ပထမဆုံး အေအမ်ပီးမာ ရီးခရေ ကဗျာချေကို ရခိုင် ၀ါဟာရ တိနန့် အသွင်ပြောင်းခြင်းရာ ဖြစ်ပါရေ။
စောစစ်
၁၆. ၈ .၂၀၀၉

(ပန်းခြံတွင်း၌ ကျဆုံးသူများ)

ပန်းခြံထဲကို သေနတ်ထဲ ကျည်ဆန်အပြည့် ထည့်ပြီး
ရက်ရက်စက်စက် ပစ်သတ်ဖို့ အမိန့် နဲ့ စိုင်းပြင်လာကတ်တေ လူရို့တိစွာ
တေးသံ ကျူးရင့် ဗျလ် လာရေ လူတိ ကိုရာ တွီလိုက်ရရေ..


တိုင်းပြည်တာဝန်နှင့် အမျိုးချစ်စိတ်က
လူအုပ်ကို ပြည်သူအဖြစ်ပြောင်းလှဲ လိုက်စီရေ…

ပပိန်းချေ မမချေတစ်ယောာက်
အလံကို နနှောင်းဆုပ်ကိုင်ထားကေလည်း
ဘုန်းခနဲ့ ပြန် ပြိုလဲဆင်းလားခေ၇…

ကလေချေ တစ်ယောက် ဒဏ်ရာကြောင့်
အသက် ဆပ်တငင်ငင် ရူဗျလ်ဘုန်းဆို လဲကျလာခရေ…

ယင်းမြင်ကွင်းက
လူထုကို ကြောက်လှန့် ငြိမ်သက် လားခစီရေ ...
သေလားရေလူတိကို ငေးကြည့်နိန်ယင်း …
ဆို့နှစ်ကြေကွဲခြင်း ဒေါသလှိုင်းလုံးတီ
ရင်ဝတို ဆောင့်ကန်လိုက်ပိုင် ခံစားလိုက်ရရေ…

အေကေ သူရို့လည်း သူရို့အလံတိကို
သွီးအိုင်ထဲမှာ နှစ်၊ သွီးစွန်းနှီရေ အလံတိကို
လူသတ်သမားရို့ မျက်နှာရှေ့တည့်တည့်မှာ
စိုက်ထူလိုက်ကတ်တေ …

ငါသည်
အေသေလားကတ်တေ လူတိအတွက်
အပြစ်ဒဏ်ကို ပြန်ချပီးဖို့ ကျိန်ဆိုပါယင့်…
အဖတိုင်းပြည် ကို သွေးစွန်းစီရေ
အေလူတိကိုအပြစ်ချမီဖို့ ကျိန်ဆိုပါယင့်…


အေလူသတ်မှုကို ကျူးလွန်အောင် အမိန့်ချမှတ်တေ
လူအားလုံးကိုလည်း အပြစ်ဒဏ်ခံရစီဖို့ ကျိန်ဆိုပါယင့်…

အေ အလောင်းတိထက်က ခွကျော်ဗျလ်
အာဏာပါဝါ လုယူကတ်တေ သစ္စာဖောက်တိကိုလည်း
အပြစ်ပီးဖို့ ကျိန်ဆိုပါမိပါယင့်…

အေသတ်ဖြတ်မှုကို အပြစ်မရှိရေပိုင် ခွင့်လွတ်ရေး သမားတိကိုလည်း
အပြစ်ချပီးဖို့ ကျိန်ဆိုပါယင့်...

ငါရေ ယင်းပိုင်လူတိနဲ လက်တွဲဗျလ်
မေ့ပလိုက်ဖို့ကိုလည်း အလိုမရှိ..

ငါရေ ယင်းပိုင်း သွေးစွန်းဖူးရေ လက်တိကို ထိဖို့ပင် အလိုမရှိ…
ငါသည် အပြစ်ဒဏ် ချဖို့ကိုရာ အလိုရှိနိန် ရေ …
ယင်းလူတိကို
အရပ်ရပ်ကိုပိုပြီးကေ သံအမတ်ကြီးအနေနဲ့ ပို့ပီးလိုက်စွာကို ဖြစ်စီ
အိမ်မှာထား ကိုးကွယ်ကာ
တဖြည်းဖြည်း အပြစ်တိ ပျောက်ပြယ်လားဖို့စွာကို လည်း
ငါမှာမလိုမရှိ..

ငါသည်
အခု အေနေရာပန်းခြံထဲမှာရာ
ယင်းလူတိကို တရားခွင်တင်ဖို့ကို အလိုရှိရေ…
ယင်းလူတိကို ထိုက်တန်ရေ အပြစ်ကိုပီးဖိုကို ရာအလိုရှိရေ…

ငါသည် ယင်းလူတိ သေဆုံးလားရေ နေရာကို
ငိုဖိုလာစွာ မဟုတ် ...

အေနိန်ထိ ကျန်ခရေ လူတိကို
ပြောချင်လို ငါလာစွာရာဖြစ်တေ...

ငါရို့တိုက်ပွဲသည်
မြေပြင်မှာပင်ဖြစ်စီ၊ စက်ရုံထဲမှာပါဖြစ်စီ
တောထဲမှာ ဖြစ်စီ၊ တောင်ထဲမှာဖြစ်စီ
လယ်ကွင်းထဲမှာ ဖြစ်စီ ၊ လမ်းမပေါ်မှာ ဖြစ်စီ
ဇာနေရာမှာပင် ဖြစ်စီ
စစ်ကြောင့်ဖြန့်ပြီး တိုက်ဖို့ ရာ ဖြစ်တေ…

အော် ကျဆုံး သေဆုံးလာရေ သွေးချင်း သားချင်း အပေါင်းရို့
ထိတ်ဆိတ်ခြင်းထဲက နေပြီးကေ
ငါရို့၏ ကျယ်လောင်ရေ အသံနဲ့
လွတ်လပ်ရေး ကြွေးကြော်သံကို အော်ဟစ်မော်ကြွား ကတ်ရဖို့…
ယင်းအချိန်မှာ
ပြည်သူတို့၏ မျှော်လင့်ချက်သည်
ပျော်ရွှင်ခြင်း တေးသံနဲ့ ထိုင်းလုံးပြည်လုံး ဖုံးလွမ်းလို့ လားလိမ့်မယ်...။




ပတ်ဗလို နီရူဒါ
(အမေရိက တိုက်တစ်နေရာမှ)
၁၉၄၃-ဖေဖေါ်ဝါရီ


( ၁၉၆၈ ခု နှစ် ဒီဇင်ဘာလ တွင် ပထမအကြိမ် ထုတ်ဝေခဲ့သေါ လင်းယုန်မောင်မောင် ပြုစုရေးသားသည့် ရဲခေါင်ပျောက်ကျား ချေဂွေဗားရား စာအုပ်မှ ကောက်နှုတ်ဖေါ်ပြပါသည်။ ဤကဗျာအား အင်္ဂလိပ်ဘာသာမှ မြန်မာဘာသာ သို့ ဆရာကြီး ဒဂုန်တာရာ ပြန်ဆိုပေးခဲ့သည် ဟု စာရေးသူ လင်းယုန်မောင်မောင်က ၄င်း ၏အမှာစာတွင် ရေးသား ဖေါ်ပြထားပါသည်။)

( မြန်မာဘာသာမှ ရခိုင် အသုံးနန်းများကို တတ်ကျွမ်းသလောက် စောစစ်မှ အေအမ်ပီသို့ ဝေမျှစေချင်သောကြောင့် ဘာသာပြန်သည်။ တချိုနေရာများတွင် စာရေးသူ ၏ ဆိုလိုရင် မတိခိုက်စေချင်သောကြောင့် သင့်တော်သလို ဘာသာပြန်ပါသည်။ ) မမသီရီ ဘလော့မှ မြန်မာလို ကူယူပြန်ခြင်း ဖြစ်ပါသည်။

စောစစ်
၁၁.၈.၂၀၀၉